Monday, December 29, 2014

သီရိလင်္ကာ နိုင်ငံအနှံ့တွင် ရေကြီးမှုများဖြစ်ပွား၊ အနည်းဆုံး လူ (၂၄) ဦး သေဆုံး

သီရိလင်္ကာ နိုင်ငံအနှံ့တွင် မိုးများမှုကြောင့် ခရိုင်(၂၅)ခုတွင် ခရိုင်(၂၁)ခုအတွင်း ရေများကြီးခဲ့ပြီး အနည်းဆုံး လူပေါင်း(၂၄)ဦး သေဆုံးခဲ့ကာ အခြား(၈)ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရပါသည်။ နေအိမ်များ လမ်းများလည်း ပျက်စီးခဲ့ပြီး လူပေါင်း(၁)သန်းကျော် ဒုက္ခရောက်ရလျက် ရှိပါသည်။ ဘာဒူလာတွင် အထူးသဖြင့် ပိုမိုဆိုးဝါးနေပြီး မြေပြိုမှုများ အများအပြား ဖြစ်ပွားနေပါသည်။ အဓိကမြစ်ကြီး များတွင်လည်း မြစ်ရေများ မြင့်တက်နေပြီး ကမ်းပါးများ ပြိုကျနေပါသည်။ ရွာများစွာ မြို့များစွာက စိုက်ပျိုးဧက ပေါင်းများစွာ ပျက်စီးခဲ့ရ ပါသည်။ (၁၉၅၇)၊ (၁၉၆၇)နှင့် (၂၀၁၂) ခုနှစ်တို့တွင် အဆိုးဝါးဆုံး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ဖူးပြီး ယခုတစ်ကြိမ် သည်လည်း ဆိုးဝါးခဲ့ပါသည်။ စစ်ဘက်တာဝန် ရှိသူများမှ ကယ်ဆယ်ရေးများကို လုပ်ဆောင်ပေး နေပြီဖြစ်ကာ ကျောင်းများနှင့် ဘာသာရေး အဆောက်အအုံများတွင် ဒုက္ခသည်များကို နေရာချထား ပေးပြီး ဖြစ်ပါသည်။ လာမည့် ဇန်နဝါရီလ (၈)ရက်နေ့တွင် သမ္မတ ရွေးကောက်ပွဲ ရှိနေပြီး ဆိုးဝါးလှသည့် ရာသီဥတု အခြေအနေ များကြောင့် ရွေးကောက်ပွဲကို ရွေ့ဆိုင်းရဖွယ် ရှိကြောင်းနှင့် လက်ရှိသမ္မတ မဟင်ဒါ ရာဂျာပတ်ဆာသာ တတိယ အကြိမ်မြောက်အဖြစ် အနိုင်ရဖွယ် ရှိကြောင်းသိရှိရပါသည်။  


No comments:

Post a Comment