Tuesday, December 2, 2014

နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ်ဘုရင်နှင့် မိဖုရားတို့ ရန်ကင်းမြို့နယ်ရှိ တယ်လီနော ရုံးချုပ်သို့ ကြည့်ရှု

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ရောက်ရှိနေသော ဧည့်သည်တော် နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ်ဘုရင်နှင့် မိဖုရားဆွန်ယာတို့ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးနှင့်ဇနီး၊ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စွာမင်း၊ မြန်မာနိုင်င်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး မိစ် အန်းအော်လီစတက်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ(၂)ရက်နေ့ နံနက်(၁၁)နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် စက်မှု(၁)လမ်းရှိ တယ်လီနော ရုံးချုပ်သို့ ရောက်ရှိကြရာ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းနှင့် တာဝန်ရှိသူတို့က ကြိုဆို နှုတ်ဆက်ကြပါသည်။   

No comments:

Post a Comment