အပူချိန်ရုတ်တရက်ကျဆင်းမှုကြောင့်
ရေပိုက်များမှ ထွက်လာသည့် ရေများသည် ပေကျင်းရှိ လမ်းမပေါ်တွင် အရောင်လက်နေသည့် ရေခဲပြင်များ
ဖြစ်ပေါ်စေခဲ့သည်ဟု သိရပါသည်။ လမ်းမတစ်လျှောက်ရှိ အစိမ်းရောင်ချုံပင်များနှင့် သစ်ပင်များ၏
အကိုင်းအခက် များပေါ်မှာ အေးခဲနေသည့် ရေခဲတုံးလေးများ ဖြစ်ပေါ်လာခဲ့ပါသည်။ ရှားပါးသည့်
ဆောင်းရာသီ မြင်ကွင်းသည် စတုရန်းမီတာသုံးရာနီးပါးကို လွှမ်းခြုံခဲ့ပြီး ဒေသခံပြည်သူများကို
အလှဓါတ်ပုံရိုက်ရန် ဆွဲဆောင်နေခဲ့ပါသည်။ တရုတ်နိုင်ငံပေကျင်းမြို့တွင် ပြီးခဲ့သည့်
တနင်္လာနေ့ ကတည်းက အပူချိန်သည် ကိုးဒီဂရီ-ဆဲစီးယပ်ကို ကျဆင်းခဲ့ပြီး ရေပိုက်များဟာလဲ
အေးခဲနေကာ ကွဲထွက်မှုများ ဖြစ်ခဲ့ပါသည်။ ပေကျင်းမြို့တစ်ဝန်းကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က
ဖျက်တိုက်သွားသည့် ပြင်းထန်သည့် လေပြင်းများပြီးနောက် အပူချိန်ကျဆင်းလာခဲ့ခြင်း ဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment