Monday, December 29, 2014

ဘရာဇီးနိုင်ငံ ရီရိုဒီဂျန်နေးရိုးမြို့တွင်၂၀၁၅ခုနှစ် နှစ်သစ်ကို ကြိုဆိုရန်(၁၆)မိနစ်စာမီးရှုးမီးပန်းများ ပစ်ဖောက်ပွဲအတွက် ပြင်ဆင်လျက်ရှိ

ဘရာဇီးနိုင်ငံ ရီရိုဒီဂျန်နေးရိုးမြို့တွင် ၂၀၁၅ခုနှစ် နှစ်သစ်ကို ကြိုဆိုရန် ကမ္ဘာ့အကြီးဆုံး နှစ်သစ်ကူးညနေခင်း ပွဲတော်များထဲတွင်အဓိကကျသည့်(၁၆)မိနစ်စာ မီးရှုးမီးပန်းများ ပစ်ဖောက်ပွဲအတွက် ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။ ကျွမ်းကျင်သူနည်းပညာရှင်များနဲ့ မီးသတ်သမားများက ကိုပါကာဘာနာ ကမ်းခြေမှာ မီးရှုးမီးပန်း(၃)သိန်း ပစ်ဖောက်ဖို့ ဝမ်းပြားရေယာဉ်(၁၁)စီးပေါ်မှာ မီးရှုးမီးပန်းများ မနေ့က တပ်ဆင်ခဲ့ပါသည်။ နှစ်စဉ် မီးရှုးမီးပန်း ပစ်ဖောက်ခွဲသည် နှစ်သစ်ကူးပွဲ ညနေခင်းပွဲတော်များတွင် အဓိက အထောက်အပံ့ဖြစ်လာခဲ့ရပြီး ဒေသခံများနဲ့ ခရီးသွား(၂)သန်းကျော် လာရောက်မယ်လို့ မျှော်မှန်းထားပါသည်။ အခုနှစ်ပွဲတော်သည်မြို့တော်တည်ထောင်သည့် နှစ်(၄၅၀)ပြည့်နှစ်မြောက်တဲ့ အထိမ်းအမှတ်လည်း ဖြစ်ကြောင်း သိရပါသည်။ နှစ်သစ်ကူးညနေခင်းပွဲတော်များဟာ မြို့တော်ရဲ့ ခရီးသွား ဧည့်သည်များကို ဆွဲဆောင်ရာ နေရာတစ်ခုဖြစ်ပြီး မြို့တော်၏ ပြယုဂ်တစ်ခုဖြစ်ကြောင်းသိရှိရပါသည်။

No comments:

Post a Comment