Monday, December 29, 2014

တရုတ်နိုင်ငံ ပေကျင်းတွင် နှစ်သစ်ရေခဲမီးပုံးပွဲတော် ကျင်းပ

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းသည် ရေခဲပန်းပုပြပွဲကြောင့် နှစ်စဉ်လူသိများ ထင်ရှားပြီး မြောက်ပိုင်းဝင်ရိုးစွန်းကို သွားလာစရာမလိုအောင်ကို အဆန်းတကြယ် ဖန်တီးထားမှု တွေက ဒေသခံများကိုသာမက နိုင်ငံခြားခရီးသွားများကိုပါ ဆွဲဆောင်နိုင်ခဲ့ပြီးပြီးခဲ့သည့်အင်္ဂါနေ့ကမှ နှစ်သစ်ရေခဲ မီးပုံးပွဲကို ကျင်းပဖွင့်လှစ်တာဖြစ်ပါတယ်။ စတုရန်းမီတာ(၄)ထောင် ကျယ်ဝန်းတဲ့ ဘေဂျင်း အလုပ်သမားများအားကစားရုံးတွင် ဟာဘင်းမှ အနုပညာသမားများ(၁၅၀)ခန့်က နောက်ဆုံးပြင်ဆင်မှုများအတွက် အလုပ်ရှုပ်လျက် ရှိနေဆဲ ဖြစ်ပါသည်။ အိုလံပစ်ပွဲအထိမ်းအမှတ်၊ ဘေဂျင်း ဒေသယဉ်ကျေးမှုနဲ့ ဟာဘင်းအထိမ်းအမှတ် အဆောက်အဦးများကို လင်းလက်တောက်ပစွာနဲ့ အတွင်း အပြင်မှာ မီးရောင်များနဲ့ အလှဆင်ထွန်းညှိထားပါသည်။ ဘေဂျင်းကိုလာလည်သူများအနေဖြင့် ရေခဲမီးပုံးပွဲကို လာရောက်ပြီး ဆင်နွှဲနိုင်ဖို့စတင် ကျင်းပပေးခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားခဲ့ပါသည်။ ယခုပွဲတော်ကို ဖေဖော်ဝါရီလ (၁၃)၇က်နေ့ အထိ ဆက်လက်ပြသသွားမည် ဖြစ်ကာ လက်မှတ်တစ်စောင်ကို ယွမ်(၁၀ဝ)နဲ့ ရောင်းချသွားမှာဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment