Monday, December 1, 2014

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် နော်ဝေ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဌာနဝန်ကြီးအား လက်ခံတွေ့ဆုံ

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် သည် ဒီဇင်ဘာ ၁ ရက် ညနေ ၄နာရီခွဲတွင် နေပြည်တော် ရှိ Park Royal ဟိုတယ်၌ နော်ဝေ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဌာနဝန်ကြီး Ms.Monica Mae- land ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား လက်ခံတွေ့ ဆုံဆွေး နွေးသည်။  အဆိုပါ တွေ့ဆုံပွဲ၌ ပြည် ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် နော်ဝေနိုင်ငံမှ GSP အခွင့်အရေး များ ပြန်လည်ပေးအပ်ခဲ့မှု အတွက် ကျေးဇူး တင်ရှိ ပါကြောင်း၊ မြန်မာ နိုင်ငံ၏ အဓိကပို့ကုန်ပစ္စည်းများ ဖြစ်သည့် လယ်ယာ ထွက်ကုန်ပစ္စည်း များ တိုးမြှင့်တင်ပို့နိုင်ရေး၊ တန်ဖိုး မြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ် နိုင်ရေးတို့အတွက် နည်းပညာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုး တက်ရေးတို့အတွက် နော်ဝေနိုင်ငံ မှ ပူးပေါင်းဆောင်ရွက်မှုများကို ဖိတ်ခေါ်ပါကြောင်း ဆွေးနွေးခဲ့သည်။ နော်ဝေကုန်သွယ်ရေးနှင့် စက် မှုဝန်ကြီးဌာနဝန်ကြီး က ပြန်လည် ဆွေးနွေး ရာတွင် နော်ဝေနိုင်ငံမှ ကမ္ဘာပေါ်တွင် ဓာတ်မြေသြဇာ အများဆုံး ထုတ်လုပ်နေ သည့် Yara ကုမ္ပဏီအပါအဝင် ကုမ္ပဏီ များက မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်နေမှုများနှင့် ကြုံ တွေ့နေ ရသည့် အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment