Tuesday, December 2, 2014

She Taxi she ride Phone Application



ယာဉ်မောင်းကလည်း အမျိုးသမီး၊ လိုက်ပါစီးနင်းသူကလည်း အမျိုးသမီး ဖြစ်ခဲ့မည်ဆိုလျှင် အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်တွင် ဖြန့်ချီခဲ့သည့် Phone Application တစ်ခုကို အသုံးချလို့ရပါပြီ။ ဖြန့်ချီရာမှာ နှောင့်နှေးရသည့် အကြောင်းအရင်းက အမျိုးသမီး ယာဉ်မောင်းဦးရေ အလွန်နည်းပါးလို့ပဲ ဖြစ်ပါသည်။ She Taxi she ride အမည်ရသည့် Application ကို ပြီးခဲ့သည့်အောက်တိုလကုန်က ဖြန့်ချီခဲ့တာပါ။ ဝန်ဆောင်မှု၏ အဓိက ရည်ရွယ်ချက်က အမျိုးသမီးထုကို လုံခြုံမှုနှင့် အဆင်ပြေချောမွေ့မှု ပေးစွမ်းယုံသာမက စီးပွားရေး အခွင့်အလမ်းအတွက် ရည်ရွယ်ဖော်ဆောင်ခြင်း ဖြစ်ပါသည်။ She Taxi she ride ၏ ပြောကြားချက်အရ တစ်ချို့ဘာသာခြားများမှာ အမျိုးသမီးတစ်ဦးက တစ်ယောက်တည်း ခရီးသွားခြင်းကို တားမြစ်သလို မိမိနှင့်မသိကျွမ်းသည့် အမျိုးသားတစ်ဦးနှင့် ခရီးသွားရခြင်းဆိုသည့် အချက်နှစ်ချက်မှာ မိမိတို့၏ဝန်ဆောင်မှုက အလွန်ပဲအကျိုးများစေသည်ဟု ဆိုပါသည်။ ယခုဝန်ဆောင်မှုသည် အမျိုးသမီးယာဉ်မောင်များ ပါဝင်လုပ်ကိုင်သည့် ပထမဆုံး ဝန်ဆောင်မှုဖြစ်သလို တစ်ခြားမြို့များတွင်လည်း ၄င်းဝန်ဆောင်မှုမျိုးကို တိုးချဲ့ရန် ရည်ရွယ် ကြောင်း သိရှိရပါသည်။

No comments:

Post a Comment