ကျူးဘားနိုင်ငံတွင်
ခရီးသွားနေသည့် ဘက်စ်ကားတစ်စီးသည် ထရပ်ကားတစ်စီးနှင့် ပြင်းထန်စွာ တိုက်မိခဲ့ရာ ဘက်စ်ကားပေါ်ရှိ
ပြင်သစ်ခရီးသွား (၄၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ ဒဏ်ရာရရှိသူများထဲမှ
ရှစ်ဦးသည် ပြင်းထန်သည့် အခြေအနေမှာ ရှိနေသည့်အတွက် ၄င်းတို့ကို ကာတဂ်ဂျနာမြို့၏ ဆေးခန်းတစ်ခုတွင်
ကုသမှုခံယူနေကြပါသည်။ ဒီမတော်တဆမှုသည် ကျူးဘားနိုင်ငံ၏ အမျိုးသား အဝေးပြေးလမ်းမကြီး၏
(၂၀၅)ကီလိုမီတာ နေရာမှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ ဒီမတော်တဆမှုသည် ဒေသစံတော်ချိန်
ညနေနှစ်နာရီမှာ ဖြစ်ပွားခဲ့ပြီး နိုင်ငံခြားခရီးသွားများသည် ဆန်တာ ကလာရာ၏ အလယ်ပိုင်းမှ
ဗာရာဒီရိုသို့ သွားရောက်မည့် ခရီးသည်များဖြစ်ကြောင်း ကျူးဘားရုပ်မြင်သံကြားက ပြောကြားခဲ့ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment