Monday, February 9, 2015

ဗြိတိန်နိုင်ငံ၏ BAFTA ရုပ်ရှင်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ဗြိတိန်နိုင်ငံ၏ BAFTA ရုပ်ရှင်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် Boyhood ဒရမ်မာရုပ်ရှင်ဇာတ်ကားမှ အကောင်းဆုံး ရုပ်ရှင်ဆုနှင့် ဒါရိုက်တာဆု အပါအ၀င် ဆုပေါင်း(3)ဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါသည်။ ၄င်းရုပ်ရှင်ဇာတ်ကားကို (12)နှစ်တာ ကာလအတွင်း တူညီတဲ့ပုံစံများကို အသုံးပြုပြီး ရိုက်ကူးခဲ့တာကြောင့် Richard Linklater အနေနှင့် ဒါရိုက်တာဆုကို ထိုက်ထိုက်တန်တန် ရရိှခဲ့တာ ဖြစ်ပါသည်။ ၄င်းဇာတ်ကားတွင် အမေတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့သည့် Patricia Arquette က အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပါသည်။ The Theory of Everything ရုပ်ရှင်ဇာတ်ကားမှာ အဓိကဇာတ်ဆောင်ဆု အပါအ၀င် ဆုပေါင်း(3)ဆု ရရှိခဲ့ပြီး Eddie Redmayne က အဓိကအမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့တာဖြစ်ပါသည်။ Still Alice ဇာတ်ကားမှာ အယ်လ်ဇိုင်းမားရောဂါကို ခံစားနေရတဲ့ ဘာသာစကားများ လေ့လာမှုဆိုင်ရာ ပါမောက္ခတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Julianne Moore က အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ကာ Whiplash က ရက်စက်မောက်မာတဲ့ ဂျက်ဇ်တေးဂီတ ဆရာတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ J.K Simmoms က အမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့ပါသည်။ မက္ကဆီကိုလူမျိုး Emmanuel Lubezki ကတော့ လင်းနို့လူသားဇာတ်ကားမှာ ရုပ်ရှင်ရိုက်ကူးသည့် အတတ်ပညာဆုကို ရရိှခဲ့ပါသည်။ အသက်(24)နှစ်သာ ရှိသေးသည့် ဗြိတိန်သရုပ်ဆောင် Jack O"Connel ကတော့ ပရိတ်သတ်ကပေးသည့် ထွန်းတောက်လာတဲ့ ကြယ်တစ်ပွင့်ဆုကို ရရှိခဲ့ပါသည်။ ယခုဆုချီးမြှင့်ပွဲကြီးဟာ ဗြိတိန်မှာ အကြီးဆုံးဖြစ်ပြီး အော်စကာဆုပေးပွဲကြီးမှာ နောက်ဆုံးအဆင့်ကို ရောက်ရှိခဲ့တဲ့ ဇာတ်ကားများဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment