ရာသီဥတုပြောင်းလဲမှုဆိုင်ရာ
ကုလသမဂ္ဂ၏ ညှိနှိုင်းဆွေးနွေးပွဲများကို ဖေဖော်ဝါရီလ(၈)ရက်နေ့က ဂျနီဗာတွင်စတင်ခဲ့ပြီး
ကမ္ဘာကြီးပူနွေးလာမှုကို ဟန့်တားနိုင်မည့် သဘောတူညီချက်တစ်ခု ရရှိရန်ဖြစ်ပါသည်။ သတင်းတစ်ပတ်ကြာ
ဆွေးနွေးပွဲမှာ ဖန်လုံအိမ်အာနိသင် ဓါတ်ငွေ့လျော့ချမှုနှင့် ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ
သဘောတူညီမှုတစ်ခု ရရှိရန်နှင့် ကမ္ဘာ့အပူချိန် မြင့်တက်လာမှုကို (၂)ဒီဂရီဆဲလ်စီးယပ်ထိ
ကန့်သတ်နိုင်ဖို့ ရည်ရွယ်ဆွေးနွေးသွားမှာ ဖြစ်ပါသည်။ ပြီးခဲ့တဲ့နှစ်က လီမာမှာ ဆွေးနွေးခဲ့တဲ့ စာမျက်နှာ(၃၇)ခုပါ
အသေးစိတ်အစီအစဉ်ကို ဂျနီဗာဆွေးနွေးပွဲမှာ ထပ်မံညှိုနှိုင်းသွားမှာဖြစ်ပြီး ပီရူးသဘာဝ
ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး မလ်နျူယယ်ပေါ်လဂါ-ဗီဒါးလ်မှ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
ကမ္ဘာ့မိုးလေ၀သ အဖွဲ့အစည်းရဲ့ ပြောကြားချက်အရ (၂၀၁၄)ခုနှစ်ဟာ အပူဆုံးနှစ်တစ်နှစ်အဖြစ်
မှတ်တမ်းဝင်ခဲ့ကြောင်းနှင့် ဒါဟာ လူတိုင်းနှင့်သက်ဆိုင်တဲ့ ပြသနာတစ်ရပ်ဖြစ်ကြောင်း၊
(၂၀၀၉)ခုနှစ်က ကိုပင်ဟေဂင်ညီလာခံမှာ သဘောတူညီမှုရရှိအောင် ဆွေးနွေးနိုင်ခဲ့ခြင်းမရှိခဲ့သလို
အခုလည်းထပ်မဖြစ်ပွါးအောင် နိုင်ငံများအားလုံးအနေနှင့် ရှောင်ကြည်ဖို့လိုကြောင်း၊ ပေါလ်ဗီဒါးလ်က
ပြောကြားခဲ့ပါသည်။ ယူအဲန်ရဲ့ လုပ်ငန်းစဉ်ဟာ ဖွဲ့ဖြိုးဆဲနိုင်ငံများကြားမှာ သဘောထားကွဲလွဲစေခဲ့ပြီး
ဖန်လုံအိမ်အာနိသင် ဓါတ်ငွေ့ထုတ်လွှတ်မှု အများဆုံးဖြစ်တဲ့ ပြင်သစ်၊ တရုတ်နှင့် အမေရိကန်တို့ဟာ
၎င်းတို့ရဲ့ အကြမ်းဖျင်း အစီအစဉ်များကို မဖော်ပြမှီ ယူအဲန်အနေနှင့် အစီအစဉ်များ ရေးဆွဲနိုင်ဖို့အတွက်
အစိုးရများက ၄င်းတို့ရဲ့ သက်ဆိုင်ရာအစ်ီအစဉ်များကို ရပါဆိုင်းထားရမှာဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment