ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ
လုံခြုံရေးအသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့မှာ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ရုံးမှာ
ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ဦးထွန်းနိုင်မှ သင်တန်းဖွင့်အမှာစကား
ပြောကြားရာမှာ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့များအနေနဲ့ ဘက်လိုက်မှု
ကင်းရှင်းစေရန်နှင့် ရွေးကောက်ပွဲနှင့်ဆိုင်သော ဥပဒေများ နည်းဥပဒေများကိုလည်း ရွေးကောက်ပွဲမတိုင်ခင်
ကြိုတင်လေ့လာသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌမှ
၂၀၁၅ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့
၂၀၁၅ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အသိပညာပေးသင်တန်းကို ၅ရက်တိတိသင်ကြားပို့ချသွားမည်ဖြစ်ပါသည်။
No comments:
Post a Comment