၂၀၁၅ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး
အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို စစ်တွေမြို့ ပြည်နယ်အကူတပ်ဖွဲ့ခွဲအတွင်း ဂစ္ဆာပခန်းမမှာ
ဖေဖော်ဝါရီလ (၂၃)ရက် နံနက် (၉)နာရီတွင် ကျင်းပပါသည်။ ရှေးဦးစွာ ပြည်နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူးကြီး နေမျိုးမှ သင်တန်းနှင့် ပတ်သက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက်
ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြမှ ရွေးကောက်ပွဲဟာ နိုင်ငံအတွက် အရေးကြီးကြောင်း
ဥပဒေ နှင့်အညီ မှန်မှန်ကန်ကန် ဘက်မလိုက်ဘဲ ပြုလုပ်ရမှာဖြစ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီ
အထွေထွေ ရွေးကောက်ပွဲကို နိုင်ငံတကာ စံချိန်စံညွန်း နှင့်အညီ ဆောင်ရွက်ကြရန် ရှင်းလင်း
ပြောကြားခဲ့ပါသည်။ သင်တန်းကာလမှာ ဖေဖော်ဝါရီလ (၂၃)ရက်နေ့မှ (၂၇)ရက်နေ့အထိ ငါးရက်တိုင်တိုင်
ပို့ချပေးသွားမှာ ဖြစ်ကြောင်းသိရှိရပါသည်။
No comments:
Post a Comment