Sunday, February 22, 2015

တဲန်နက်စီပြည်နယ် ပေါ့တ်လန်းဒ်တွင် မုန်တိုင်းတိုက်ခတ်နေစဉ် ပုံနှိပ်စက်ရုံ မီးလောင်မှုတစ်ခုဖြစ်ပွား

 မရိကန်နိုင်ငံ ကင်တပ်ကီ နယ်စပ်အနီး နက်ရှ်ဗီးလ်၏ အရှေ့မြောက်ဘက် မိုင်(၄၀)အကွာရှိ တဲန်နက်စီပြည်နယ် ပေါ့တ်လန်းဒ်မှာ မုန်တိုင်းတိုက်ခတ်နေစဉ် ပုံနှိပ်စက်ရုံမှာ မီးလောင်မှုတစ်ခု ဖေဖော်ဝါရီလ(၂၁)ရက်နေ့က ဖြစ်ပွားခဲ့ပါသည်။ မီးသတ်သမားများက မီးလောင်ကျွမ်းနေသည့် အက်ခ်စီယွမ် ပုံနှိပ်စက်ရုံကို ကြိုးစား ငြိမ်းသတ်ပေးခဲ့ကြပါသည်။ မီးလောင်မှု ဖြစ်ပွားနေစဉ်မှာ ခေါင်မိုးပေါ်မှ နှင်းခဲများကြောင့် စက်ရုံအမိုးများ ပြိုကျပျက်စီးခဲ့ရသည်ဟု သိရပါသည်။ စက်ရုံအတွင်း ဓာတုပစ္စည်းများ ယိုစီးမှုကြောင့် မီးပွားများ လွင့်စင်ပေါက်ထွက် လာခဲ့ပါသည်။ အခင်းဖြစ်ပွားနေစဉ် စက်ရုံအတွင်း ဝန်ထမ်း(၂၀)ခန့်ရှိပြီး ၄င်းတို့ကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။


No comments:

Post a Comment