ဆီးရီးယားရှိ
ဆူလေမန်ရှား ဂူသင်္ချိုင်းကို စောင့်ကြပ်နေသည့် တူရကီတပ်ဖွဲ့ဝင်များသည် စစ်ဘက်ဆိုင်ရာ
တာဝန်တစ်ခု ပြီးဆုံးခဲ့ပြီးနောက် တူရကီသို့ အောင်မြင်စွာ ပြန်လာခဲ့ပြီဖြစ်ကြောင်း တူရကီဝန်ကြီးချုပ်
အာမက်ဒါဗို-တိုဂလုက ၄င်း၏ တွစ်တာအကောင့်မှာ ဖော်ပြခဲ့သည်ဟု သိရပါသည်။ ဒါဗိုတိုဂလု၏
ပြောကြားချက်အရ အော်တိုမန်အင်ပါယာ တည်ထောင်သူ၏ အဖိုးဖြစ်သူ ဆူလေမန်ရှား၏ ရုပ်ကြွင်းများကို
တူရကီတပ်ဖွဲ့၏ စောင့်ရှောက်မှုနှင့် ဆီးရီးယား၏ တစ်ခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းခဲ့တာ
ဖြစ်ကြောင်း သိရပါသည်။ ၄င်းကိစ္စ ဆောင်ရွက်နေစဉ်အတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်း
မရှိပေမဲ့ မတော်တဆမှု တစ်ခုကြောင့် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရကြောင်း သိရှိရပါသည်။
No comments:
Post a Comment