ဖေဖော်ဝါရီလ
(၁၇)ရက်မနက်(၂)နာရီ (၁၅)မိနစ်တွင် ရေနံချောင်းမြို့၊မြို့မဈေးကြီးအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။
အဆိုပါမီးလောင်ရာ နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးတို့
ပါဝင်သောအဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ဈေးသူဈေးသားများ
မြို့နယ်မီးသတ်ယာဉ်(၅)စီး၊ ရေနံချောင်းရေနံမြေ မီးသတ်ယာဉ် (၁)စီးတို့နှင့် အတူ ဈေးမီးလောင်ကျွမ်းမှုအား
စတင်မီးငြိမ်းသတ်ခဲ့ပြီး စုစုပေါင်း မီးသတ်ယာဉ်အစီး (၂၀)တို့ဖြင့် ဝိုင်းဝန်းမီးသတ်ခဲ့သဖြင့်
မနက်(၃)နာရီမိနစ်(၄၀)တွင် မီးလောင်မှုအရှိန် ထိန်းသိမ်းနိုင်ခဲ့ပြီး နံနက်(၄)နာရီမိနစ်(၂၀)တွင်
မီးညွန့်ကျိုးသွားခဲ့ကြောင်း သိရပါသည်။
No comments:
Post a Comment