ပြီးခဲ့သည့်စနေနေ့ ညသန်းခေါင်အချိန်ကစပြီး အပစ်အခတ်
ရပ်စဲရေး စတင်ခဲ့တာကြောင့် ယူကရိန်းအရှေ့ပိုင်းမှာ ပစ်ခတ်သံများ ငြိမ်သက်နေပေမဲ့ နှစ်ဖက်လုံးက
သဘောတူစာချုပ်ကို ဘယ်သူက စတင်ချိုးဖောက်မလဲ ဆိုသည့်သံသယတွေ ရှိနေကြပါသည်။ မစ်ခ့်မှာပြုလုပ်ခဲ့သည့်
သဘောတူညီချက် ပဋိပက္ခကို အဆုံးသတ်နိုင်မည့် နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း ကြေညာခဲ့ပေမဲ့
၎င်းအပစ်အခတ် ရပ်စဲမှုသည် ကြာရှည်ခံလိမ့်မှာ
မဟုတ်ဘူးလို့ အားလုံးက ယူဆနေကြတာကြောင့် ယူကရိန်းအနေနှင့် နိုင်ငံတကာ၏ ထောက်ပံ့ပေးမှုတွေ
လိုအပ်မှာဖြစ်ကြောင်း ဥပဒေပြဌာန်းသူတစ်ဦးက ပြောကြားခဲ့ပါသည်။ တနင်္ဂနွေနေ့ မနက်ခင်းက
ကိယက်ဗ်ရှိ ဘုရားရှိခိုးကျောင်းမှာ ငြိမ်းချမ်းရေးအတွက် ဝတ်ပြုဆုတောင်းခဲ့ကြပါသည်။
ယူကရိန်းနိုင်ငံသည် စစ်မကနှင့် ငြိမ်းချမ်းရေးကြားရှိ အရေးကြီးသည့် လမ်းဆုံမှာရောက်နေပြီဖြစ်ကြောင်း
ယူကရိန်းသမ္မတ ပီထရိုပိုရိုချင်ကိုက ပြောကြားခဲ့ပါသည်။ ယူကရိန်းနိုင်ငံအနေနှင့် ငြိမ်းချမ်းရေး
လမ်းကြောင်းပေါ်မှာ ရောက်ရှိနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပေမဲ့ အများစုကတော့ ပဋိပက္ခများ
ပြန်လည် ဖြစ်ပွားလာမှာကို စိုးရိမ်နေကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment