Monday, February 23, 2015

လောက်ကိုင်ဒေသ ကုန်းကြမ်းမြို့သို့ အစားအစာ၊ ဆေးဝါးနှင့် လိုအပ်သည့်အခြားအသုံးအဆောင် ပစ္စည်းများအား တပ်မတော်ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေး


လောက်ကိုင်ဒေသ ကုန်းကြမ်းမြို့ရှိ တပ်မတော်စစ်ကြောင်းများ၊ နယ်မြေခံတပ်ရင်းဌာနချုပ်ရှိ အရာရှိစစ်သည်မိသားစုဝင်များ၊ တိုက်ပွဲရှောင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသုံးရန်အတွက် အစားအစာ၊ ဆေးဝါးနှင့် လိုအပ်သည့်အခြားအသုံးအဆောင် ပစ္စည်းများအား ဖေဖော်ဝါရီလ ၂၃ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။ 

No comments:

Post a Comment