Monday, February 23, 2015

ဩစတြေးလျနိုင်ငံ ဆစ်ဒနီတွင် တရုတ်နှစ်သစ်ကူး ညနေခင်းပွဲတော် ကျင်းပ

တရုတ်နှစ်သစ်ကူး ညနေခင်း ပွဲတော်ကို အာရှ၏ ပြင်ပဖြစ်သည့် အစည်ကားဆုံးနေရာ တစ်နေရာဖြစ်သော ဩစတြေးလျနိုင်ငံ ဆစ်ဒနီမှာ ဖေဖော်ဝါရီလ (၂၂) ရက်နေ့က ကျင်းပခဲ့ရာမှာ လူပေါင်း(၁)သိန်းကျော် ပူးပေါင်း ဆင်နွှဲခဲ့ကြပါသည်။ နိုင်ငံအနှံ့မှပါဝင် တင်ဆက်သူပေါင်း (၃၅၀ဝ)က တရုတ်ရိုးရာ အကများ၊ ဂျွမ်းဘား၊ ကိုယ်လုံပညာ၊ ရုပ်သေးနှင့် ရိုးရာဗုံတီးခတ် မှုများနှင့်စုပေါင်း ဖျော်ဖြေခဲ့ကြပါသည်။ စီချွမ်၊ရှန်ဇီးနှင့် ဘေကျင်းမှ တင်ဆက်သူပေါင်း (၁၅၀)လည်း ပါဝင်ခဲ့ကြပြီး၊ အဆိုပါပွဲသို့ တရုတ်သံအမတ်ကြီးနှင့် ဆစ်ဒနီမြို့တော်ဝန် တို့လဲတက်ရောက်ကြကာ နှစ်ကူးလက်ဆောင်များ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရပါသည်။

No comments:

Post a Comment