Sunday, February 22, 2015

ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် ရွှေဘို-မြစ်ကြီးနားလမ်း လမ်းလုပ်ငန်း လျာထားချက်များနှင့် ပတ်သက်ပြီး ရှင်းလင်းမှာကြား

ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်သည် ဖေဖော်ဝါရီ (၂၁)ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ကျောက်တန်းရှိ အထူးစီမံကိန်းကြီး အဖွဲ့(၁) လမ်းစခန်းရုံး ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး ရွှေဘို-မြစ်ကြီးနားလမ်း (စစ်ကိုင်းတိုင်း ဒေသကြီးအပိုင်း) မိုင်တိုင်အမှတ် (၁၆၈)အထိ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ရရှိ ရန်ပုံငွေဖြင့် လမ်းလုပ်ငန်း လျာထားချက်များနှင့် ပတ်သက်ပြီး သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း များနှင့်အညီ စံချိန်စံညွှန်း ပြည့်မီရေး စနစ်တကျ ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ပါသည်။   


No comments:

Post a Comment