Sunday, February 22, 2015

မြန်မာနိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့အကြား လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် အကောင်အထည်ဖော်ဆောင်ရွက်

မြန်မာနိုင်ငံ၏ ဆန်စပါးသီးနှံ ထုတ်လုပ်မှုပိုမို ဖွံ့ဖြိုးရေးအတွက် နိုင်ဂျီးရီးယားနိုင်ငံမှ ခေတ်မီဆန်စက်များ ရင်းနှီးမြှုပ်နှံတည်ဆောက်ပြီး လူဦးရေ သန်း(၁၇၀)အတွက် နှစ်စဉ်ရိက္ခာဖူလုံရေး လိုအပ်ချက်ရှိနေသော နိုင်ဂျီးရီးယားနိုင်ငံ အတွက် မြန်မာ့ လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချနိုင်ရန် (၂)ဖက် စီစဉ်ဆောင်ရွက်လျက် ရှိနေပါသည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် မြန်မာနိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့အကြား လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကုသသမဂ္ဂဆိုင်ရာ အထူးသံတမန် မစ္စတာဂမ်ဘာရီ နိုင်ဂျီးရီးယား အထူးသံတမန်၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖေဖော်ဝါရီလ(၂၀)ရက်နေ့  ညနေ(၅း၀၀)နာရီတွင် ဆန်စက်များ တပ်ဆင်ပြီး စမ်းသပ်လည်ပတ်ရန် အသင့်ဖြစ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


No comments:

Post a Comment