ကိုးကန့်သောင်းကျန်းသူများအနေဖြင့်
လောက်ကိုင်ဒေသ၏ အဓိကဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်၍ လောက်ကိုင်မြို့အား ထိန်းချုပ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ
တပ်မတော်စစ်ကြောင်းများက လမ်းကြောင်းများတစ်လျောက် နယ်မြေရှင်းလင်းခြင်းဆောင်
ရွက်ရာမှ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ယနေ့နံနက်ပိုင်းတွင်
နယ်မြေရှင်းလင်းလျက်ရှိသောတပ်မတော် စစ်ကြောင်းများနှင့် ချင်းရွှေဟော်-လောက်ကိုင်
ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိပါစင်ကျော် တစ်ဝိုက် တွင် နှောင့်ယှက် တိုက်ခိုက်
ပိတ်ဆို့လျက်ရှိသည့် ကိုးကန့် သောင်းကျန်းသူအဖွဲ့များထိတွေ့တိုက်ပွဲဖြစ်
ပွားခဲ့ပြီးတပ်မတော်စစ်ကြောင်းများကဆုတ်ခွာသွားသည့် ကိုးကန့်သောင်းကျန်းသူအဖွဲ့များနောက်သို့
လိုက်လံရှင်းလင်းလျက်ရှိသည်။
ထို့အတူကုန်းကြမ်း-လောက်ကိုင်လမ်းကြောင်းရှိ
(၁၈)မိုင်လမ်းဆုံတစ်ဝိုက်တွင် ယာယီခံစစ်ယူအခြေပြု
ထားသောကိုးကန့်သောင်းကျန်းသူအဖွဲ့အားတပ်မတော်စစ်ကြောင်းများကတိုက်ခိုက်ရှင်းလင်းလျက်ရှိသည်။
ထို့ပြင် ဖေဖော်ဝါရီ(၁၈)ရက်
ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် လောက်ကိုင်မြို့နယ် အနီးတစ်ဝိုက်
လှုပ်ရှားလျက်ရှိသောကိုးကန့်သောင်းကျန်းသူအင်အားစုများနှင့် တပ်မတော်
စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့သည်။ အထက်ပါဖြစ်စဉ်များတွင်
တပ်မတော်မှ အရာရှိစစ်သည်(၁)ဦးတိုင်းပြည် အတွက် အသက်ပေးလှူခဲ့၍ ၇ ဦးဒဏ်
ရာရရှိခဲ့ကာကိုးကန့်သောင်းကျန်းသူအဖွဲ့မှ အလောင်း ၂လောင်း၊ လက်နက်ငယ် ၇ လက်နှင့်
ခဲယမ်းဆက်စပ် ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းသတင်းရရှိသည်။
No comments:
Post a Comment