လောက်ကိုင်ဒေသတွင် ပြည်သူတို့၏
အသက်အိုးအိမ် စည်းစိမ်အတွက် အသက်ပေး လှူခဲ့ကြသည့် စစ်သည်များအတွက် အလှူငွေပေးအပ်ပွဲကို
ဖေဖော်ဝါရီလ ၂၂ရက်နေ့မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းမြို့ သောတာပန်ရပ်ရှိ
သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် စေတီတော် လိုဏ်ဂူအတွင်း၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးစိုးသိန်း၊ ဦးလှထွန်း၊
ဦးအုန်းမြင့်၊ ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၊
မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့်၊ ညှိနှိုင်းကွပ်ကဲရေးမှူး( ကြည်း၊ ရေ၊
လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊
အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်၊
အလယ်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်၊
ဒုတိယ၀န်ကြီးဗိုလ်မှူးချုပ်ကျော်ဇံမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် လောက်ကိုင်ဒေသ၌ ပြည်သူတို့၏
အသက်အိုးအိမ် စည်းစိမ်အတွက် အသက်ပေးလှူခဲ့ကြသည့် စစ်သည်များအတွက်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က လှူဒါန်းငွေ ကျပ်သိန်း (၃၀၀)နှင့် ပိုင်ကုမ္ပဏီနှင့်
ကံ့ကော်မြိုင် ကုမ္ပဏီတို့ကငွေကျပ်သိန်း(၅၀) စီ လှူဒါန်းကြရာညှိနှိုင်းကွပ်ကဲရေးမှူး
(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးလှဌေးဝင်းက လက်ခံရယူခဲ့သည်။
No comments:
Post a Comment