အိန္ဒိယနိုင်ငံမှာ
ယခုလ(၂၀)ရက်နေ့ကစပြီး ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် လူပေါင်း(၇၇၄)ဦး သေဆုံးခဲ့ကာ
အစိုးရအနေနှင့် ၄င်းရောဂါကို ခက်ခက်ခဲခဲနှင့် ထိန်းချုပ်နေရကြောင်း၊ ရောဂါစတင် ဖြစ်ပွားခဲ့သည့်
ဒီဇင်ဘာလကစပြီး ရောဂါဖြစ်ပွားသူ တစ်သောင်း(၂၉၆၃)ဦးထိ ရှိလာခဲ့ကြောင်းနှင့် နယူးဒေလီမြို့မှာ
(၉)ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရပါသည်။
လွန်ခဲ့သည့် (၅)နှစ်အတွင်း အိတ်ခ်ျဝမ်းအန်န်ဝမ်း ဗိုင်းရပ်စ်များ ပြန့်ပွားခဲ့ပြီး
ဂူဂျာရတ်နှင့် ရာဂျစ်သန် ဒေသများမှာ အဆိုးဝါးဆုံး ဖြစ်ပွားခဲ့ပါသည်။ အစိုးရအနေနှင့်
လုံလောက်သည့် ဆေးဝါးများ ဖြန့်ဝေပေးနိုင်ခြင်း မရှိဘူးဆိုသည့် ဝေဖန်ချက်များ ထွက်ပေါ်လာပြီးနောက်
ကျန်းမာရေး တာဝန်ရှိသူများသည် နိုင်ငံတစ်ဝန်းရှိ ဆေးရုံးများအတွက် ဆေးဝါးထောက်ပံ့မှုများ
ပြုလုပ်ခဲ့ပြီး လူနာများအတွက် အခမဲ့ ဆေးကုသရေး စနစ်များကိုပါ ပြုလုပ်ပေးခဲ့ပါသည်။ ဒါ့အပြင်
ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှတစ်ဆင့် ၄င်းတုပ်ကွေးရောဂါ မဖြစ်ပွားရအောင် ဆောင်ရန်ရှောင်ရန်
အချက်များကိုပါ ပညာပေး ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံမှာ (၂၀ဝ၉)ခုနှစ်နှင့် (၂၀၁၀)ခုနှစ်အတွင်း
ရောဂါကူးစက်ခံရသူ (၅သောင်း)နီးပါးရှိပြီး (၂၇၀ဝ)ကျော် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment