Tuesday, February 17, 2015

လစ်ဗျားနိုင်ငံအတွင်းရှိ အိုင်အက်စ်များကို ပစ်မှတ်ထားပြီး လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း အီဂျစ်မှ ပြောကြား

အလုပ်လုပ်ကိုင်ရန် လစ်ဗျားနိုင်ငံသို့ရောက်ရှိနေသည့် အီဂျစ်လူမျိုး ခရစ်ယာန်ဘာသာဝင် (၂၁)ဦးအား အိုင်အက်စ်များက ခေါင်းဖြတ်သတ်ခဲ့သည့် ဗီဒီယိုကိုထုတ်ပြန်ပြီး တစ်ရက်အကြားဖြစ်သည့် ဖေဖော်ဝါရီလ (၁၆)ရက်နေ့က မနက်ပိုင်း အာရုံတက်ချိန်မှာ လစ်ဗျားနိုင်ငံအတွင်းရှိ အိုင်အက်စ်များကို ပစ်မှတ်ထားပြီး လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း အီဂျစ်မှ ပြောကြားခဲ့ပါသည်။ လစ်ဗျားနိုင်ငံအတွင်းရှိ အိုင်အက်စ်များရဲ့ လေ့ကျင့်ရေးနေရာများနှင့် လက်နက်သိုလှောင်ရာများကို တိုက်ခိုက်မှုမှာတော့ လစ်ဗျားလေတပ်များပါဝင်ခဲ့တာဖြစ်ပါသည်။ လစ်ဗျား လေတပ်တပ်ရင်းမှူး၏ ပြောကြားချက်အရ လက်နက်ကိုင်(၄၀-၅၀)ခန့်သေဆုံးခဲ့ပြီး ဒီကနေ့နှင့်မနက်ဖြန်တို့မှာ တိုက်ခိုက်မှုများကို ပိုမိုပြုလုပ်သွားမှာ ဖြစ်ပါသည်။ အီဂျစ်နိုင်ငံဘက်မှာတော့ ခေါင်းဖြတ်သတ်ခံရမှုနှင့်ပက်သက်ပြီး ဝမ်းနည်းမှုနှင့်အတူ ကြောက်ရွံ့လျှက်ရှိပါသည်။ အီဂျစ်နိုင်ငံသမ္မတ ပက်တာဟ်-အယ်-ဆီဆီရဲ့ပြောကြားချက်အရ လက်နက်ကိုင်များအား ဆန့်ကျင်တိုက်ခိုက်မှု ပိုမိုပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါသည်။ လစ်ဗျားနိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခများဟာ နိုင်ငံရေးမငြိမ်သက်မှုများဆီသို့ ချဉ်းကပ်လျှက်ရှိပြီး လစ်ဗျားနိုင်ငံအတွင်းရှိ တော်လှန်ရေးအဖွဲ့များဟာ အီဂျစ်ရဲ့လုံခြုံရေးကို အဓိကခြိမ်းခြောက်နေတယ်လို့ သမ္မတဆီဆီက ရှုမြင်လျှက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment