ယူကရိန်းအစိုးရတပ်ဖွဲ့ဝင်များနှင့်
ခွဲထွက်ရေးသမားများကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပြုလုပ်ပြီးနောက်တစ်ရက်မှာပဲ
ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ဒွန်းညက်စ်လေဆိပ်မှာ ပစ်ခတ်သံတွေ ရံဖန်ရံခါကြားနေရဆဲဖြစ်တယ်လို့
သိရပါသည်။ (၈)လကြာ တိုက်ခိုက်မှုများကြောင့် နှစ်ဖက်လုံးမှာ အပြင်အထန်ထိခိုက်ခဲ့ပြီး
ယူကရိန်းရဲ့ အဓိကကျသည့် လေဆိပ်ကို ထိန်းချုပ်နိုင်ဖို့ နှစ်ဖက်လုံးမှ အပြင်းအထန် ကြိုးစားခဲ့ကြသည့်အတွက်
လေဆိပ်အဆောက်အဦးများလည်း ပျက်စီးခဲ့ရပါသည်။ ပြင်သစ်၊ ဂျာမနီ၊ ရုရှားနှင့် ယူကရိန်းတို့မှ
ခေါင်းဆောင်များဟာ ပြီးခဲ့သည့်သီတင်းပတ်က မင့်စ်ခ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး
မျှတသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပြုလုပ်ခဲ့ပေမယ့် ၄င်းသဘောတူညီချက် ပြုလုပ်ပြီး
(၂)နာရီခန့်အကြာမှာပဲ လေဆိပ်အနီးမှာ တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ လည်းသိရပါသည်။
၎င်းသဘောတူညီချက်တွင် နှစ်ဖက်လုံးမှ လက်နက်ကြီးများ ပြန်လည်ရုပ်သိမ်း ဆုတ်ခွာဖို့လည်းပါဝင်ပေမယ့်
ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်နေတာ ဖြစ်ပါသည်။ လေဆိပ်ဝန်းကျင်တွင် စစ်သုံးတင့်ကားများနှင့်
ဒေသခံ လက်နက်ကိုင်တပ်ဖွဲများ ရှိနေဆဲဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment