သက်ဆိုင်ရာဝန်ကြီးဌာနများ၊
တိုင်းဒေသကြီး ပြည်နယ်အစိုးရများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နိုင်ငံတော်သမ္မတ၏
လူမှုရေးဆိုင်ရာ နိုင်ငံ့စွမ်းဆောင်ရည်ဆုရသင့်ရထိုက်သည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကိုတိုင်းဒေသကြီး
ပြည်နယ်များသို့ ကွင်းဆင်းရွေးချယ်ရမှာ ဖြစ်သည့်အတွက် ပြည်သူ့အကျိုးပြု အဖွဲ့အစည်းတွေ၊
ဘာသာသာသနာနှင့်ရပ်ရွာအကျိုးသယ်ပိုးဆောင်ရွက်ခဲ့ကြသည့် ဖောင်ဒေးရှင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊
ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်နေသည့် ရပ်ရွာစာကြည့်တိုက်များ၊
မိမိအသက်ကိုပဓာနမထားဘဲအများပြည်သူဘေးအန္တာရာယ်မှ ကယ်ဆယ်ခဲ့သူများ၊ ကိုယ်ကြိုးစွန့်အနစ်နာခံခဲ့သူများ၊
နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများထဲမှ သတ်မှတ်
စည်းမျဉ်းစည်းကမ်းများနှင့် အညီစနစ်တကျ ရွေးချယ်နိုင်ရန်နှင့် ကွင်းဆင်းဆောင်ရွက်မည့်
အခြေအနေများအား ဒုတိယ၀န်ကြီးဒေါ်စုစုလှိုင်က ဖေဖော်ဝါရီလ ၂၀ရက်နေ့ နံနက် ၁၀နာရီတွင် လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတွင် ကျင်းပသည့် နိုင်ငံတော်သမ္မတ၏ လူမှုရေးဆိုင်ရာစွမ်းဆောင်ရည်ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးတွင်ပြောကြားသည်။
No comments:
Post a Comment