Friday, February 20, 2015

စတုတ္ထတန်းနှင့် အဋ္ဌမတန်းကျောင်းသား၊ ကျောင်းသူများအဆင်ပြေချောမွေ့စွာစာမေးပွဲဖြေဆိုနေမှု များကို ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင် ပညာရေးတာဝန်ခံဦးဖုန်းဇော်ဟန်သည် နေပြည်တော် ပညာရေးမှူး ညွှန်ကြားရေးမှူး ဦးစိုးဝင်း၊ ဒက္ခိဏခရိုင် ပညာရေးမှူး ဦးအောင်ကျော်စိုး၊ ပျဉ်းမနားမြို့နယ် ပညာရေးမှူး ဦးသန်းလင်းတို့လိုက်ပါ၍ ဖေဖော်ဝါရီလ ၂၀ရက်နံနက်ပိုင်းတွင်  ပျဉ်းမနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အလက(၁) ကျောင်းများသို့ သွားရောက်၍ စတုတ္ထတန်းနှင့် အဋ္ဌမတန်းကျောင်းသားကျောင်းသူများအဆင်ပြေချောမွေ့စွာစာမေးပွဲဖြေဆိုနေမှု များကိုလိုက်လံကြည့်ရှု အားပေးကြပါသည်။ ဆက်လက်၍ ဥတ္တရသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မင်းကုန်းသို့သွားရောက်ပြီးကျောင်းသားကျောင်းသူများအဆင်ပြေချောမွေ့စွာစာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေကြကြောင်းသိရှိရပါသည်။ 

No comments:

Post a Comment