Friday, February 20, 2015

နိုင်ငံတော်သမ္မတဦးသိန်းစိန် (၆၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်





နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၂၀ရက် နံနက် (၁၀)နာရီမိနစ် (၄၀)တွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့ လေဆိပ် သို့ ရောက်ရှိပြီးထိုမှတစ်ဆင့် ရဟတ်ယာဉ်များဖြင့် ချင်းပြည်နယ် ဟားခါးမြို့သို့ မွန်းလွဲပိုင်းတွင် ရောက်ရှိကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် (၆၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပသည့် ဝမ္မသူးမောင် အားကစားကွင်းသို့ မော်တော်ယာဉ် များဖြင့် ရောက်ရှိရာ နိုင်ငံတော် သမ္မတအား ပြည်နယ် ဝန်ကြီးချုပ်ကချင်းတိုင်းရင်းသား ရိုးရာအင်္ကျီ၊ ခေါင်းပေါင်း၊ လွယ်အိတ်နှင့် ရိုးရာဓားတို့ကို ဂါရ၀ပြု ဝတ်ဆင်ပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့အားချင်းအမျိုးသားနေ့ ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများ၊ ချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီ မှ ကျောင်းသားကျောင်းသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ဝင် များ၊ ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ရောက်ရှိနေကြသည့် တိုင်းရင်းသား ပြည်သူများနှင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များကသောင်းသောင်းဖြဖြ ကြိုဆိုကြရာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ကရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

No comments:

Post a Comment