Friday, February 20, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း လားရှိုးမြို့တပ်မတော်ဆေးရုံရှိ ထိခိုက်ဒဏ်ရာရ တပ်မတော်သားများအား တွေ့ဆုံအားပေးစကားပြောကြား


ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၂၀ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် လားရှိုးလေဆိပ်သို့ ရောက်ရှိကြပါသည်။ ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် လတ်တလောကာလအတွင်း လောက်ကိုင်ဒေသတိုက်ပွဲများတွင် နိုင်ငံတော်အတွက် ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ကာကွယ်ခဲ့ရာမှ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် တပ်မတော်သားအရာရှိ ၊ စစ်သည်များနှင့် မိသားစုဝင်များအား လားရှိုးတပ်နယ်ရှိ တပ်မတော်ဆေးရုံတွင် သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားပြီး ဂုဏ်ပြုငွေနှင့် လက်ဆောင်ပစ္စည်း၊ စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြပါသည်။

No comments:

Post a Comment