Saturday, February 21, 2015
အိုင်အက်စ်တို့လက်ထဲမှ မိုလ်ဆူးမြို့ကို ပြန်လည်ရယူမည့် အချိန်အခါနှင့် ပက်သက်ပြီး အတိအကျ ထုတ်ပြန်မှာ မဟုတ်အမေရိကန်ပြည်ထောင်စု၏ ကာကွယ်ရေး ဝန်ကြီးဖြစ်သူ အက်ရှ်-ကာတာက အိုင်အက်စ်တို့လက်ထဲမှ မိုလ်ဆူးမြို့ကို ပြန်လည်ရယူမည့် အချိန်အခါနှင့် ပက်သက်ပြီး အတိအကျ ထုတ်ပြန်မှာ မဟုတ်ကြောင်း ဖေဖော်ဝါရီလ (၂၁)ရက်နေ့က မှာ ပြောကြားခဲ့ပါသည်။ အီရတ်နှင့် ကာ့ဒ်တပ်ဖွဲ့ဝင် (၂)သောင်းကနေ (၂)သောင်းခွဲခန့်ပါဝင်ပြီး ဧပြီလနှင့် မေလတို့တွင် မိုလ်ဆူးမြို့မှာ ထိုးစစ်ဆင်မှု စတင်မည်ဟု ရည်ညွှန်းပြောဆိုထားမှုနှင့် ပက်သက်ပြီး ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ်နှစ်ဦးဖြစ်တဲ့ ဂျွန်-မက်ကိန်းနှင့် လင်ဒ်ဆေး-ဂရာဟမ်တို့က အိမ်ဖြူတော်သို့ ဝေဖန်စာ ပေးပို့ခဲ့ပါသည်။ မိုလ်ဆူးလ်မြို့သည် လူဦးရေ တစ်သန်းကျော်နေထိုင်ပြီး ပြီးခဲ့တဲ့ဇွန်လက အိုင်အက်စ်များမှ သိမ်းပိုက်ခဲ့တာ ဖြစ်ပါသည်။ အမေရိကန် တပ်ဖွဲ့တွေအနေနှင့် လာမည့် စစ်ဆင်ရေးများ ပြုလုပ်မည့် အချိန်များနှင့်ပက်သက်ပြီး ထုတ်ဖော်ပြောကြားလေ့ မရှိသလို အထူးသဖြင့် သတင်းထောက်များရှေ့မှာ ထုတ်ဖော်ပြောကြားလေ့ မရှိကြောင်း သိရပါသည်။ မက်ကိန်းနှင့် ဂရာဟမ်တို့ နှစ်ဦးမှ သမ္မတအိုဘားမားသို့ ပေးစာမှာတော့ အဲဒီလို လျို့ဝှက်ထားတဲ့ အခြေအနေမှာ သတင်းထောက်များကို ပြောကြားခဲ့တဲ့ အမေရိကန် တာဝန်ရှိသူ၏ အမည်ကို တိတိကျကျ သိလိုကြောင်း တောင်းဆို ရေးသားထားပါသည်။ အမေရိကန် ကာကွယ်ရေးဘက်မှ တာဝန်ရှိသူတစ်ဦးကတော့ အိမ်ဖြူတော်အနေနှင့် အခုလိုမျိုးဖြစ်အောင် ရည်ရွယ်ပြီး မည်သည့်ပြောဆိုမှုမျိုးကိုမှ မပြုခဲ့ကြောင်းနှင့် ကာတာဟာ တပ်ဖွဲ့၏ အနာဂတ် စစ်ဆင်ရေးများနှင့် ပက်သက်တဲ့ သတင်းအချက်အလက်များ လုံခြုံရေးနှင့် ပက်သက်ပြီး အမြဲစိုးရိမ်နေသူ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment