Saturday, February 21, 2015

တိရစ္ဆာန်များကို မှောင်ခိုကူးမှုနှင့် ဂျပန်လူမျိုးနှစ်ဦးအား ထိုင်းနိုင်ငံ အကောက်ခွန်ဌာနမှ ဖမ်းဆီး

ထိုင်းနိုင်ငံ၏ အကောက်ခွန်ဌာန တာဝန်ရှိသူများကတော့ မျိုးတုန်းပျောက်ကွယ်လု နီးပါးဖြစ်နေသည့် တိရစ္ဆာန်များကို မှောင်ခိုကူးမှုနှင့် ဂျပန်လူမျိုးနှစ်ဦးအား ဖေဖော်ဝါရီလ (၂၀)ရက်နေ့က ဖမ်းဆီးထားပြီလို့ သိရပါသည်။ အသက်(၃၉)နှစ်ဆီရှိကြတဲ့ နာအိုကီ-ဟီရာဂူချီနှင့် တိုချီကာဆူ-ကာဝေတို့၏ လက်ကိုင်အိတ်ထဲမှာ တိရစ္ဆာန်လေးတွေကို တွေ့ရတယ်လို့ ဆိုပါသည်။ မှောင်ခိုကုန်ကူးခံရမည့် တိရစ္ဆာန်လေးတွေကတော့ ဝက်နှာခေါင်းလိပ် အကောင်(၁၁၀)၊ မြွေ(၂၁)ကောင်၊ မြောက်အမေရိကမှာ တွေ့ရတဲ့ ရှဉ့်မျိုး (၄)ကောင်နှင့် တောက်တဲ့(၄)ကောင် ပါဝင်ပြီး ၄င်းတို့၏ ခရီးဆောင်အိတ်ထဲမှာ တွေ့ရှိခဲ့တာလို့လဲ ဆိုပြန်ပါသည်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ တစ်သောင်းခွဲကျော်ခန့်ရှိပြီး ထိုတိရစ္ဆာန်လေးတွေကို သယ်ယူပို့ဆောင်ခွင့် ပိတ်ထားတယ်ဆိုတာကို မသိရှိခဲ့တဲ့အတွက် ချာတူချတ် ဈေးကဝယ်ယူခဲ့တာ ဖြစ်ကြောင်းနှင့် တိရစ္ဆာန်လေးများကို ၄င်းတို့၏နေအိမ်မှာ မွေးမြူဖို့ ဝယ်ယူခဲ့ကြတာ ဖြစ်ကြောင်း ဂျပန်လူမျိုး(၂)ဦးက ထွက်ဆိုခဲ့သည်ဟု တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရပါသည်။ 

No comments:

Post a Comment