Friday, February 20, 2015

အမေရိကန်ပြည်ထောင်စုနှင့် တူရကီနိုင်ငံတို့ သဘောတူညီမှုတစ်ခုကို လက်မှတ်ရေးထိုး

အမေရိကန်ပြည်ထောင်စုနှင့် တူရကီနိုင်ငံတို့သည် ဆီးရီးယားအတိုက်အခံ တပ်ဖွဲ့ဝင်များအား အင်အားဖြည့်တင်းပေးရန်နှင့် လေ့ကျင်သင်ကြားပေးရန် သဘောတူညီမှုတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရပါသည်။ အမေရိကန် တပ်ဖွဲ့ကလည်း အိုင်အက်စ် လက်နက်ကိုင်များကို ဆန့်ကျင်တိုက်ခိုက်မှု၏ တစ်စိတ်တစ်ပိုင်းအနေနှင့် ဆီးရီးယား အပြင်ဘက်ရှိ တိုက်ခိုက်ရေးသမားများကို လေ့ကျင့်သင်ကြားပေးရန် အထူးတပ်ဖွဲ့များ အပါအဝင် တပ်ဖွဲ့ဝင်(၄၀ဝ)ကျော်ကို စေလွှတ်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့ပါသည်။ ဆီးရီးယား တိုက်ခိုက်ရေးသမား (၅၀ဝ၀)ခန့်ကို တစ်နှစ်မှ သုံးနှစ်ကြာအထိ ဆော်ဒီအာရေးဗီယား၊ ကာတာနှင့်၊ တူရကီနိုင်ငံတို့ရှိ လေ့ကျင့်ရေးစခန်းများတွင် သင်ကြားပေးသွားမှာ ဖြစ်ကြောင်းလည်း အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ တူရကီအနေနှင့် ၄င်းသင်တန်းသည် ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆက်ကို ဆန့်ကျင်နေသည့် အင်အားချိနဲ့နေသည့် ဆီးရီးယား အတိုက်အခံတွေကို အားပေးထောက်ပံ့နိုင်ရန် မျှော်လင့်ထားကြောင်း သိရှိရပါသည်။


No comments:

Post a Comment