အမေရိကန်ပြည်ထောင်စုတွင်
ကျင်းပသည့် အကြမ်းဖက် ဆန့်ကျင်ရေးဆိုင်ရာ ညီလာခံတွင် အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမားက
ဘာသာရေးကို ဗန်းပြထားသည့် အိုင်အက်စ် လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်တဲ့ ၄င်း၏ သဘောထားကို
ပြောကြားခဲ့ကြောင်း သိရပါသည်။ အကြမ်းဖက်များသည် ထင်ရာစိုင်းနေကြပြီး အိုင်အက်စ်များ၏
ဝါဒဖြန့်မှုများကို မယုံကြည်ဘဲ ပြန်လည်ချေပ တုန့်ပြန်ရန် အားလုံးမှာ တာဝန်ရှိကြောင်း၊
အကြမ်းဖက်များကြောင့် စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍများမှာ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည့်အတွက်
နိုင်ငံများ အားလုံးအနေနှင့် ဘာသာရေးအစွန်းရောက် အဖွဲ့များကို ဝိုင်းဝန်းချေမှုန်း ကြရန်လိုကြောင်း
၊မျိုးဆက်သစ်လူငယ်များ အကြမ်းဖက် အဖွဲ့အစည်းများသို့ ဆက်သွယ်ဝင်ရောက်ခြင်း မပြုဖို့
တားဆီးကြရန်လိုကြောင်း ၊အမေရိကန်အနေနှင့် ယီမင်နှင့် ဆိုမာလီရှိ အယ်လ်ကေဒါများကိုလည်း
လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့ပါသည်။ (၃)ရက်ကြာ
ညီလာခံသို့ နိုင်ငံပေါင်း(၆၀)ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အကြမ်းဖက်များကို
နှိမ်နှင်းရာမှာ ပူးပေါင်းဆောင်ရွက် သွားကြရေးနှင့် ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြကြောင်း
သိရပါသည်။
No comments:
Post a Comment