Tuesday, February 17, 2015

(၂၀၁၈) ကမ္ဘာ့ဖလားပွဲအတွက် ကြိုတင်ပြင်ဆင်ရာတွင် အခက်အခဲကြီးကြီးမားမား မကြုံတွေ့ ရပါကြောင်း ရုရှားအားကစားဝန်ကြီးပြောကြား

စိန့်ပီတာစဘတ်အပါအဝင် အခြားရုရှားမြို့တော်(၁၈)မြို့မှာ လက်ခံကျင်းပမည့် (၂၀၁၈) ကမ္ဘာ့ဖလားပွဲအတွက် ကြိုတင်ပြင်ဆင်ရာ သက်ဆိုင်ရာ ကော်မတီအနေနှင့် အခက်အခဲကြီးကြီးမားမား မကြုံတွေ့ရပါကြောင်း ရုရှားအားကစားဝန်ကြီးက ဖေဖော်ဝါရီလ (၁၆)ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ (၂၀၁၇)ခုနှစ်တွင် ဖီဖာကွန်ဖက်ဒရေးရှင်း-ကပ် ဖိုင်နယ်ပွဲစဉ်ကို မော်စကိုရှိ အက်ဖ်စီအက် စပါ့တက်ခ် အားကစားကွင်းမှာ လက်ခံကျင်းပမှာ ဖြစ်ပါသည်။ ရုရှားအနေနှင့် ၄င်းပြိုင်ပွဲများကို လက်ခံကျင်းပရန် မော်စကို၊ စိန့်ပီတာစဘတ်၊ ဆိုချီ၊ ကာဇန်၊ ကလင်နင်-ဂရက်ဒ်၊ ဗော်လ်ဂို-ဂရက်ဒ်၊ ရော့စ်တော့ဗ်-အော်န်ဒွန်၊ နစ်ဂ်ျနေ၊ နော့ဗ်-ဂိုရော့ဒ်၊ ဆန်မရာ၊ ဆာရန့်စ်ခ်နဲ့ ယေကာ-တယ်ရင်ဘတ်စသည့် မြို့(၁၁)မြို့ကို ရွေးချယ်ထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment