အမေရိကန်ပြည်ထောင်စု
နယူးယောက်တွင် အလွန်အေးခဲလျှက်ရှိပြီး ဖေဖော်ဝါရီလ (၁၆)ရက်နေ့ထိ နယူးယောက်ရှိ စန်ထရယ်ဥယျာဉ်ရှိ
ရေပန်းများပါ ရေခဲနေပြီး ဟူစတန်မြစ်အတွင်းမှာလဲ ရေခဲများပေါ်လောမျောနေကြောင်း သိရပါသည်။
ဒေသတွင်းအပူချိန်ဟာ (၁၆)ဒီဂရီ ဖာရင်ဟိုက် အနုတ်(၉)ရှိနေပြီး နှင်းမုန်တိုင်းရဲ့ နောက်ဆုံးလက်ကျန်များအဖြစ်
ကြီးမားသည့် ရေခဲအပိုင်းအစများဟာ ဟူစတန်မြစ်ထဲမှာ ပေါလေမျောနေပြီး စင်ထရယ်ဥယျာဉ်အတွင်းမှာလဲ
နှင်းများကျဆင်းနေကြောင်း သိရပါသည်။ ဘော်စတွန်အတွက်တော့ ဖေဖော်ဝါရီလသည် နှင်းအကျဆုံးလအဖြစ်
သမိုင်းတွင်ခဲ့ကာ နှင်းများထူထဲစွာကျဆင်းပြီး ဇန်နဝါရီလက စံချိန်တင်(၆)ပေထိ ကျဆင်းခဲ့ကြောင်း
သိရပါသည်။ အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းမြို့များမှာ အေးခဲ့သည့်ရာသီဥတုကြောင့် နှာစေး၊
ချောင်းဆိုးများ အဖြစ်များနေကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment