Friday, February 20, 2015

ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်ဒေသမှ စစ်ဘေးရှောင်ကျောင်းသား/ သူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေး စီစဉ်ထားရှိ


ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်ဒေသမှ စစ်ဘေးကြောင့် ဒေသအသီးသီးသို့ ရောက်ရှိနေကြသူများ၏ ကလေးများ ဖြစ်သည့် ကျောင်းသား/သူများ အတန်းဆုံး စာမေးပွဲများ ဖြေဆိုနိုင်ရေးအတွက် -
သူငယ်တန်းမှ န၀မတန်းကျောင်းသား/ ကျောင်းသူများအတွက်
စစ်ဘေးရှောင် ကျောင်းသား/ကျောင်းသူများသည် သက်ဆိုင်ရာ အတန်းဆုံးစာမေးပွဲများကို မိမိရောက်ရှိရာ ဒေသရှိ မြို့နယ်ပညာရေးမှူးထံ သတင်းပေးပို့ပြီး နီးစပ်ရာ ကျောင်းများတွင် ၀င်ရောက်ဖြေဆိုနိုင်ရန် စီစဉ်ထားရှိပြီး ဖြစ်ပါသည်။ ယခုစစ်ဆေးသည့် ပုံမှန်စာမေးပွဲများတွင် ၀င်ရောက်ဖြေဆိုရန် အခက်အခဲရှိသည့် ကျောင်းသား/ ကျောင်းသူများအတွက် ၂၀၁၅ ခုနှစ် သင်္ကြန်ပွဲတော်အပြီးနှင့် ကျောင်းမဖွင့်မှီကာလအတွင်း နှစ်ဝက်ဆုံးစာမေးပွဲများကို လောက်ကိုင်ဒေသတွင် သီးခြားပြန်လည် ကျင်းပပေးမည် ဖြစ်ပါသည်။
ဒသမတန်းကျောင်းသား/ ကျောင်းသူများအတွက်
လောက်ကိုင်စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသား/ ကျောင်းသူများအတွက် ကွမ်းလုံမြို့တွင် သီးခြားစာစစ်ဌာန ဖွင့်လှစ်ပေးမည်ဖြစ်ပါသဖြင့် အဆိုပါမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ ထို့အပြင် မိမိတို့ရောက်ရှိ အခြေပြုရာ ဒေသရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုလိုပါက စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါသဖြင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ ဖုန်းနံပါတ်များဖြစ်သည့် -
ဦးမျိုးမြင့်အောင် (ဦးစီးအရာရှိ)
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ဇွဲကပင်ဆောင်)
ဖုန်း (၀၁) ၆၅၃၅၀၉ ၊ (၀၉) ၅၀၆၁၇၇၆
ဒေါက်တာမြတ်စိုးအောင် (လက်ထောက်ညွှန်ကြားရေးမှူး)
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ၊ ရုံးအမှတ် (၅၂)နေပြည်တော်
ဖုန်း (၀၆၇) ၄၃၀၁၆၈ ၊ (၀၉) ၂၅၆၀ ၈၈၅၂၁ သို့ ဆက်သွယ်ဆောင်ရွက်ကြပါရန် အသိပေး တင်ပြပါသည်။

No comments:

Post a Comment