တပ်မတော်စစ်ကြောင်းများက
လောက်ကိုင်မြို့ ပတ်ဝန်းကျင်တစ်ဝိုက် နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာမှ
ကိုးကန့်သောင်းကျန်းသူအဖွဲ့ လျှို့ဝှက်သိမ်းဆည်းထားသော လက်နက်ငယ်နှင့် ခဲယမ်းဆက်စပ်
ပစ္စည်းများ သိမ်းဆည်းရရှိသည်။ ဖောဖော်ဝါရီလ (၁၉)ရက်နေ့ ညပိုင်းတွင် တပ်မတော်စစ်ကြောင်းမျာားက
လောက်ကိုင်မြို့ ပတ်ဝန်းကျင်အား နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ လောက်ကိုင်မြို့၏
အနောက်တောင်ဘက်နှင့် တောင်ဘက်ရှိ ကြံခင်းများအတွင်းမှ လက်နက်ငယ်၃လက်နှင့် ခဲယမ်းဆက်စပ်ပစ္စည်းများ
ဖော်ထုတ်သိမ်းဆည်း ရရှိခဲ့သည်။ ထို့ပြင် ၄င်းရက် ညနေ (၆)နာရီ အချိန်ခန့်၌ ကုန်းကြမ်းနှင့်
လော်ကွာကျိုင်း လမ်းကြောင်းပေါ်တွင် နယ်မြေရှင်းလင်းလျက်ရှိသော တပ်မတော် စစ်ကြောင်းအား
လော်ကွာကျိုင်းအနီးတွင် ကိုးကန့်သောင်းကျန်းသူ အင်အားစုများမှ နှောက်ယှက်ပစ်တ်တိုက်ခိုက်လာ၍
တပ်မတော်စစ်ကြောင်းက ပြန်လည်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများ ဆုတ်ခွာသွားခဲ့သည်။
ဆုတ်ခွာသွားရာ နောက်သို့ တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းလျှက် ရှိကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment