ကိုးကန့်သောင်းကျန်းသူများသည်
လောက်ကိုင်မြို့သို့ ဆက်သွယ်သည့် လမ်းကြောင်းများအား ဖြတ်တောက်ပိတ်ဆို့ကာ
လောက်ကိုင်မြို့အား အုပ်ချုပ်မှုခက်ခဲစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသဖြင့် တပ်မတော်
စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက် ရှိသည်။
ဖေဖော်ဝါရီ ၂၀ ရက်
မွန်းလွဲပိုင်းမှစ၍ ကုန်းကြမ်း-လောက်ကိုင်လမ်းကြောင်းရှိ (၁၈)မိုင်လမ်းဆုံ အနီး
တစ်ဝိုက်တွင် အခြေပြုခံစစ်ယူထားသည့် ကိုးကန့်သောင်းကျန်းသူများအား
တပ်မတော်စစ်ကြောင်းများက ဝိုင်းပတ် ပိတ်ဆို့ရှင်းလင်းရာ စုစုပေါင်းတိုက်ပွဲ ၆
ကြိမ် ဖြစ်ပွားခဲ့ပြီး ကိုးကန့်သောင်းကျန်းသူများ ယာယီခံစစ်ယူထားသည့် တောင်ကုန်း
တစ်ကုန်းအား သိမ်းပိုက်ရရှိခဲ့၍ အလောင်း ၂ လောင်း၊ အမ်(၂၂) ၃လက်၊ ၎င်းကျည်အိမ် ၃
ခုနှင့် ကျည် ၁၅ တောင့် တို့အား သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ တိုက်ပွဲများတွင်
တပ်မတော်မှ စစ်သည် ၁ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ပြီး ၈ ဦး ဒဏ်ရရှိခဲ့ကာ
ဒဏ်ရာရ စစ်သည်များအား တပ်မတော်ရဟတ်ယာဉ်ဖြင့် လားရှိုးမြို့သို့ ဆက်လက်ပို့ဆောင် ၍
ဆေးကုသစေလျက်ရှိသည်။
ယနေ့တွင်
တပ်မတော်စစ်ကြောင်းများက အဆိုပါ (၁၈)မိုင်လမ်းဆုံ အနီးတစ်ဝိုက်ရှိ ကိုးကန်သောင်း
ကျန်းသူများအား ဆက်လက်ရှင်း လင်းဆောင်ရွက် ရာ ကိုးကန့်သောင်းကျန်းသူများက
စက်သေနတ်များ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်
တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား၍ တပ်မတော်က တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့်
လေကြောင်းပစ်ကူ ၂ ကြိမ်ဆောင်ရွက်ခဲ့သည်။
တပ်မတော်က
သောင်းကျန်းသူများအား ဝိုင်းပတ်ထိန်းချုပ်အမြစ်ပြတ် တိုက်ခိုက်နိုင်ရေး
လိုအပ်သောစစ်ကူများ ထပ်မံဖြည့်တင်း၍ ဆက်လက် တိုက်ပွဲ ဝင်လျက်ရှိသည်။
ယနေ့တိုက်ပွဲများတွင်
တပ်မတော်မှ စစ်သည်၂ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ပြီး အရာရှိ၊ စစ်သည် ၈ ဦး
ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လောက်ကိုင်ဒေသအတွင်း
တပ်မတော်စစ်ကြောင်းများက ဆက်သွယ်ရေး လမ်းကြောင်းများအား
ဖြတ်တောက်ပိတ်ဆို့လျက်ရှိသည့် ကိုးကန့်သောင်းကျန်းသူ အဖွဲ့များအား
ဆက်လက်တိုက်ခိုက်၍ နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment