Saturday, February 21, 2015

ဆီရီးယားနိုင်ငံ အလက်ပိုမြို့ဝန်းကျင်တွင် နှင်းများပြင်းထန်စွာ ကျဆင်းလျှက်ရှိ

ဆီရီးယားနိုင်ငံ အလက်ပိုမြို့ဝန်းကျင်တွင် နှင်းများပြင်းထန်စွာ ကျဆင်းလျှက်ရှိတာကြောင့် ၄င်းဒေသရှိ ဒုက္ခသည်စခန်းများမှာ နေထိုင်တဲ့ လူများအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ ပြည်တွင်းစစ်ကြောင့် အလုပ်လက်မဲ့ ဖြစ်နေကြရသည့် ဒုက္ခသည်များအတွက် လောင်စာဆီ ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသလို အပူချိန်လျှင်မြန်စွာ ကျဆင်းမှုကြောင့် ပြင်းထန်လှတဲ့ အအေးဒဏ်ကိုလည်း ကြံ့ကြံ့ခံ ရင်ဆိုင်နေရကြောင်း ဒုက္ခသည်စခန်းမှာ နေထိုင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။ အလက်ပိုမြို့ဟာ သမ္မတဘာရှာ-အယ်လ်အာဆတ်၏ အစိုးရတပ်ဖွဲ့နှင့် လက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲများ အဓိက ဖြစ်ပွားရာမြို့ ဖြစ်ပါသည်။ ကုလသမဂ္ဂကတော့ အချိန်(၅)နှစ်ထဲသို့ ချဉ်းနင်း ဝင်ရောက်လာပြီဖြစ်သည့် ဆီးရီးယားပဋိပက္ခကို ဖြေရှင်းနိုင်မည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတစ်ခုကို ရရှိရန် ကြိုးစားလျှက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment