Friday, February 20, 2015

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မလေးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့်တွေ့ဆုံ




အာဆီယံအနေဖြင့် ဘာသာမတူသော နိုင်ငံများပေါင်းစည်းထားသည့် အဖွဲ့အစည်းဖြစ်သော်လည်းစုစည်းညီညွတ်သောအဖွဲ့အစည်းတစ်ခု ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများ၏ ခိုင်မာသောစုစည်းမှုကို နိုင်ငံကြီးများကပင် အလေးထားအသိအမှတ် ပြုရပါကြောင်း၊ အာဆီယံအဖွဲ့အစည်းအနေဖြင့် အခြားနိုင်ငံများ၏ တိုက်တွန်းချက်များထက် မိမိ၏ ကိုယ်ပိုင်ရပ်တည်ချက် အပေါ်တွင် ခိုင်မာစွာရပ်တည် လုပ်ဆောင်နေသောအဖွဲ့အစည်းဖြစ်ပါကြောင်း၊ မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာအလုပ်သမားများနှင့် ပတ်သက်၍ တရားဝင်ရောက်ရှိသည် ဖြစ်စေ၊ တရားမဝင် ရောက်ရှိနေသည်ဖြစ်စေ၊ မြန်မာနိုင်ငံသားများ ဖြစ်ပါစေအကာအကွယ်ပေးရန် တာဝန်ရှိသဖြင့် ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက် ပေးစေလိုပါကြောင်း၊ တရားမဝင် ရောက်ရှိနေသောအလုပ်သမားများအား ပြန်လည် ခေါ်ယူနိုင်ရေးကိုလည်း နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်လျက် ရှိပြီး ၄င်းတို့နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုများကိုအတတ်နိုင်ဆုံးသက်ညှာစွာဖြင့် စဉ်းစားကူညီဆောင်ရွက် ပေးစေလိုပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဖေဖော်ဝါရီလ (၂၀)ရက်နေ့ မွန်းလွဲ(၁၂)နာရီခွဲတွင် နေပြည်တော်ရှိဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ မလေးရှားနိုင်ငံကာကွယ်ရေးဝန်ကြီးH.E. Hon. Dato' SERI HISHAMMUDDIN TUN HUSSEINအားလက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားပါသည်။

No comments:

Post a Comment