Friday, February 20, 2015

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းHanns Seidel Foundation မှ Chairwomanနှင့် ဘာဗေးရီယန်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌတို့နှင့်တွေ့ဆုံ


ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် Hanns Seidel Foundation မှ Chairwoman, Professor Ursula Mannle နှင့် ဂျာမနီနိုင်ငံ၊ ဘာဗေးရီးယန်း ပြည်နယ် လွှတ်တော်ဥက္ကဌ Hon. Mrs. Barbara Stammတို့အား ဖေဖော်ဝါရီလ ၂၀ရက်နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိလွှတ်တော် အဆောက်အအုံဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော် နာယကနှင့် အတူ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့ လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့ လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment