Sunday, February 22, 2015

ရန်ကုန်တိုင်းဒေသကြီး အလုပ် သမားရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ ဒုတိယအကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး အလုပ် သမားရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ ဒုတိယအကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲအား ၂၂-၂-၂ဝ၁၅ ရက် ညနေပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးထင်အောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသား ရေးရာနှင့် အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်၊ ရွှေပြည်သာ မြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင် မောင်ဝင်း၊ လှိုင်သာယာမြို့နယ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးနေလင်း၊ အလုပ်ရုံ နှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြား ရေးမှူးချုပ် ဦးစောနိုင်၊ ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် သတင်းဂျာနယ် ၃၄ ဖွဲ့မှ သတင်းနှင့် စာနယ်ဇင်းသမား များ တက်ရောက်ခဲ့ကြပါသည်။


No comments:

Post a Comment