ယနေ့အခါတွင် နိုင်ငံတကာ ခရီးသွားဧည့်သည်များ
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှုသည် တနေ့တခြား ပိုမိုတိုးတက်လျှက် ရှိပါသည်။ မြန်မာနိုင်ငံ
ခရီးသွားလုပ်ငန်းသည် အဓိကအားဖြင့် ယဉ်ကျေးမှုနှင့် သဘာဝကို အခြေခံသော်လည်း အပန်းဖြေခရီးစဉ်၊
အားကစားခရီးစဉ်၊ ဘာသာရေး ဘုရားဖူးခရီးစဉ်၊ စက်တပ်ရွက်လှေခရီးစဉ်၊ မြစ်တွင်းသွား အပျော်စီးသင်္ဘောခရီးစဉ်၊
မီးပုံးပျံခရီးစဉ်များမှအပြင် တမူထူးခြားသော ရေမြေတောတောင် သဘာဝအခြေအနေများကို အခြေခံ၍
ငှက်ကြည့်ခရီးစဉ်၊ စွန့်စားမှုအခြေခံ ခရီးစဉ်၊ တောင်တက်ခရီးစဉ်၊ အဏ္ဏဝါခရီးစဉ်များကိုပါ
အကောင်အထည် ဖော်နိုင်ကြပါသည်။ မြန်မာနိုင်ငံမြောက်ဖျားရှိ ပူတာအိုဒေသ ခရီးစဉ်ကို
National Geographic မှ ထုတ်လွှင့်မည့် ဗီဒီယိုအစီအစဉ်၊ မဂ္ဂဇင်းနှင့် Website တို့တွင်
ဖော်ပြသွားမည်ဖြစ်သည်။
No comments:
Post a Comment