Friday, February 20, 2015

ကိုလံဘီယာနိုင်ငံ၏ ကော်ဖီထုတ်လုပ်မှု

ကိုလံဘီယာနိုင်ငံသည် အခုနှစ် (၂၀၁၅)ခုနှစ်ထဲတွင် (၆၀)ကီလိုဂရမ်ရှိ ကော်ဖီထုပ်များကို (၁၂.၅)သန်းနှင့် (၁၃)သန်းကြားအထိ တိုးမြှင့်ထုတ်လုပ် သွားမည်ဖြစ်ကြောင်း သိရပါသည်။ ကမ္ဘာ့အကြီးဆုံး ကော်ဖီထုတ်လုပ်သည့် နိုင်ငံဖြစ်သော ကိုလံဘီယာနိုင်ငံသည် (၂၀၁၄)ခုနှစ်က (၆၀)ကီလိုဂရမ် ကော်ဖီထုပ်ပေါင်း (၁၂.၁)သန်း ထုတ်လုပ်ခဲ့ပြီး အခုနှစ်မှာ (၁၁.၅)ရာခိုင်နှုန်းနှင့် ကော်ဖီအထုပ်ကြီး (၄သိန်း)လောက် တိုးမြှင့် ထုတ်လုပ်သွားမည်ဟု ဆိုပါသည်။ (၂၀ဝ၉)ခုနှစ်ကနေ  (၂၀၁၂)ခုနှစ်အထိ ကော်ဖီထုတ်လုပ်မှုကို တိုးမြှင့်လုပ်ဆောင်ဖို့ ရည်မှန်းခဲ့သော်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကော်ဖီစိုက်ခင်းအချို့ ပျက်စီးခဲ့ပြီး ရည်မှန်းချက်ပန်းတိုင်သည် လွဲချော်ခဲ့ရပါသည်။ အခုအခါမှာတော့ ကော်ဖီထုတ်လုပ်သူများသည် မိုးခေါင်ရေရှားမှုတွေ ဖြစ်ပွားနိုင်တဲ့ ကော်ဖီထုတ်လုပ်နေတဲ့ ဒေသတစ်ချို့မှာ ပိုမိုကောင်းမွန်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေသလို ရာသီဥတုဆိုင်ရာ ပြောင်းလဲမှု ဒဏ်များကလည်း ကာကွယ်နိုင်ဖို့ ကော်ဖီစိုက်ခင်းများကို အရိပ်ရအပင်များနဲ့အတူ စိုက်ပျိုးလုပ်ဆောင် နေကြကြောင်း ကော်ဖီဖက်ဒရေးရှင်းရဲ့ အကြီးအကဲ ဖြစ်သူက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။


No comments:

Post a Comment