အမေရိကန်
ကုန်သွယ်မှုဆိုင်ရာ လွှတ်တော် ကော်မတီ ဥက္ကဌ ပေါလ်-အာရမ်က ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၏
အကြီးဆုံးပမာဏကို လွှမ်းခြုံမည့် ပစိဖိတ်ကုန်သွယ်မှု သဘောတူညီမှုဆီသို့ ရှေ့ဆက်မည့် အရေးပါသော
ခြေလှမ်းတစ်ခုအဖြစ် ကုန်သွယ်မှု လမ်းကြောင်းများ မြန်ဆန်စေရန် ဥပဒေပြုရေးများကို ဖြတ်ကျော်ရန်
မျှော်လင့်ကြောင်း သိရပါသည်။ ပစိဖိတ်(၁၂)နိုင်ငံမှ ညှိနှိုင်းရေးမှုးများက လာမည့် လပိုင်းများအတွင်း
တီပီပီဆွေးနွေးပွဲများ အဆုံးသတ်ရန် မျှော်လင့်နေကြပါသည်။ နိုင်ငံပေါင်း(၁၂)နိုင်ငံ
ပါဝင်တဲ့ တီပီပီသည် ကမ္ဘာ့စီးပွားရေးရဲ့ (၄၀)ရာခိုင်နှုန်း နီးပါးကို ချုပ်ကိုင်ထားပါသည်။
တီပီပီ၏ စီးပွားရေး အင်အားကြီး (၂)နိုင်ငံဖြစ်သော အမေရိကန်နှင့် ဂျပန်တို့ကြား စိုက်ပျိုးမွေးမြူရေးနှင့်
ပို့ကုန်ဆိုင်ရာ သဘောထား ကွဲလွဲမှုများသည် တိုးတက်မှုကို နှောင့်နှေးစေလျက် ရှိပါသည်။
ဂျပန်စီးပွားရေးဝန်ကြီး အာကီရာ-အာမာရီက သဘောတူညီမှုကို မတ်လ အစောပိုင်းတွင် အပြီးသတ်ရန်
စီစဉ်ထားသည့် ဂျပန်နိုင်ငံရဲ့ မူလသတ်မှတ်ချက်ကို အကောင်အထည်ဖော်နိုင်ရန် ခက်ခဲလျက်ရှိကြောင်း
အခုလ (၁၈)ရက်နေ့က ပြောကြားခဲ့ပါသည်။ ဂျပန်သည် အမဲသား၊သကြားနှင့် နို့ထွက်ပစ္စည်း ကဲ့သို့သော
ကဏ္ဌများကို ထိန်းချုပ်ဖို့ စိတ်အားထက်သန်လျက်ရှိပြီး၊ ဂျပန် မီဒီယာများကတော့ အစိုးရသည်
လျှော့ပေါ့မှုများ ပြုလုပ်ပေးရန် စဉ်စားလျက်ရှိကြောင်း ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment