စုလျားရစ်ပတ်
လက်ထပ်ကြတော့မယ်ဟု ဆုံးဖြတ်ချက်ချထားကြတဲ့ စုံတွဲပေါင်း(၁၆၁၀၀)သည် အခုနှစ်မှာ ကျရောက်တဲ့
ဗင်လယ်တိုင်းဒေးအမှီ မက္ကဆီကိုနိုင်ငံ မက္ကဆီကို-စီတီးသို့
လာရောက်စုပေါင်းကာ လက်ထပ်ခဲ့ကြပါသည်။ မက္ကဆီကို မြို့တော်ဝန် မီဂဲလ်-အိန်ဂျယ်လ် မန်ဆီရာ
ကိုယ်တိုင် ဇိုကာလို-စင်ထရယ် ပလာဇာမှာ စုဝေးနေတဲ့ စုံတွဲတွေအတွက် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။
လက်ထပ်အခမ်းအနားမှာ မြင်ရတဲ့ ပွေ့ဖက်မှုလေးတွေနှင့် မျက်ရည်တွေကတော့ ခံစားချက်တွေရဲ့
ရောင်ပြန်လို့ ဆိုရမှာပါ။ ရှက်ကိုးရှက်ကန်းဖြစ်ကာပျော်ရွှင်နေတဲ့ သတို့သမီးတစ်ဦးကတော့
ကျွန်မတို့ရဲ့ မေတ္တာကို အစိုးရက ဖော်ကျူးခွင့်ပေးတာ အရမ်းပဲ ကောင်းပါသည်။ ဟု ဆိုပါသည်။
စုလျားရစ်ပတ် လက်ထပ်မယ့် သတို့သမီး နောက်တစ်ဦးကတော့ ဒီလို အထူးနေ့လေးမှာ တစ်ဦးနှင့်တစ်ဦး
မေတ္တာမျှ နေကြတဲ့ စုံတွဲတွေ လက်ထပ်ခွင့်ရတာ တကယ်ကို ကောင်းပါသည်။ ပျော်ရွှင်မြူးတူးနေရင်းကပဲ
ဒီကနေ့သည် ကျွန်မတို့ မောင်နှံအတွက် တကယ့်ကို အရေးပါတဲ့နေ့ပါဟု ထပ်လောင်းရင်ဖွင့်လိုက်ပါသည်။
မင်္ဂလာပွဲ အခမ်းအနားအတွက် လိုအပ်မယ့် တေးဂီတ ဖျော်ဖြေမှု တီးဝိုင်းနှင့် ၀ိုင်တွေ ကတော့
မြို့တော်ကပဲ ပေးဝေခဲ့တာ ဖြစ်သည်ဟု သိရှိရပါသည်။
No comments:
Post a Comment