Monday, February 16, 2015

တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ပေါက်စီပြုလုပ်ခြင်းနှင့် စားသုံးခြင်း နွေဦးပွဲတော် ဆင်နွှဲ

တရုတ်နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ချင်းဒေါင်မြို့ရဲ့ ချင်းဒေါင်နိုင်ငံတကာ ကွန်ဗန်းရှင်းစင်တာမှာတော့ လူပေါင်း(၃)ထောင်ကျော် စုဝေးခဲ့တာပါ။ ဒီပရိသတ်တွေကတော့ ချက်ပြုတ်နည်း သင်ကြားမှုပေးရာမှာ အကြီးဆုံး အစုအဝေးအဖြစ် ဂင်းနစ်မှတ်တမ်းကို ၀င်သွားခဲ့ပါပြီ။ ပေါက်စီပြုလုပ်ခြင်းနှင့် စားသုံးခြင်းသည် နွေဦးပွဲတော်ကို ဆင်နွှဲကြတဲ့ တရုတ်လူမျိုးတွေရဲ့ ရိုးရာတစ်ခုဖြစ်ပြီး လူပေါင်း(၃)ထောင်ကျော်သည် ဒီအခမ်းအနားမှာ ပါဝင်ဆင်နွှဲ စားသောက်ခဲ့ကြတာဟု ဆိုပါသည်။ မှတ်တမ်းတွေအရတော့ ပါဝင်ဆင်နွှဲသူ (၃)ထောင်ကျော်ရှိသည်လို့ သိရပါသည်။ စံချိန်ချိုးမယ့် အခါသမယကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်ဖို့ ပါဝင်ဆင်နွှဲသူတော်တော်များများသည် မိမိတို့ရဲ့ သားသမီးတွေကိုပါ ခေါ်လာခဲ့ကြသည် ဟုလည်း သိရပါသည်။ ဂင်းနစ်မှတ်တမ်းဝင်ဖို့ဆိုတာသည် ဂင်းနစ်မှတ်တမ်းအဖွဲ့က အကဲဖြတ်မှုနှင့် အထောက်အထားပြုပေးဖို့ လိုအပ်ပါသည်။ ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့ရဲ့ အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သူ လီဆာ-ဖော့ဖ်ဗင်းကတော့ ဒီလောက်လူအများကြီးက ကိစ္စတစ်ခုခုလုပ်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ တကယ်အံ့သြဖို့ကောင်းပြီး တကယ်ပျော်စရာကောင်းတဲ့ အခမ်းအနားပါလို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment