Monday, February 16, 2015

အီတလီကမ်းခြေစောင့်အဖွဲ့ ရွှေ့ပြောင်းနေထိုင်သူ (၃၀ဝ)ခန့်အား ကယ်ဆယ်



အီတလီကမ်းခြေစောင့်အဖွဲ့သည် ရွှေ့ပြောင်းနေထိုင်သူ (၃၀ဝ)ခန့်အား လစ်ဗျားကမ်းရိုးတန်း အနီးမှာ ကယ်ဆယ်ခဲ့ပြီး စစ္စလီရှိ ကမ်းခြေသို့ ခေါ်ဆောင်လာခဲ့ကြောင်း သိရပါသည်။ ၄င်းတို့သည် ကမ်းခြေစောင့်အဖွဲ့နှင့် အခြားကုန်တင် သင်္ဘော(၂)စီးမှ ကယ်ဆယ်လိုက်သည့် ရွှေ့ပြောင်းနေထိုင်သူ (၆၀ဝ)ကျော်ပါဝင်သည့် အဖွဲ့တစ်ဖွဲ့မှ တစ်စိတ်တစ်ဒေသ ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါသည်။ အခုလိုကယ်ဆယ်မှုသည် (၂)ရက်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်ကလည်း ဥရောပကို ဖြတ်သန်းဖို့ ကြိုးစားနေသည့် လူပေါင်း(၃၀ဝ)ကျော်သည် သေဆုံးလုနီးပါး အခြေအနေကို ရောက်ရှိခဲ့ကြောင်း သိရပါသည်။

No comments:

Post a Comment