Monday, February 16, 2015

အမေရိကန်နိုင်ငံတွင် နှင်းမုန်တိုင်းများ တိုက်ခတ်ခြင်းကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရ




အမေရိကန်နိုင်ငံ အရှေ့မြောက်ဘက်ရှိ ဒေသများတွင် ဆောင်းရာသီ နှင်းမုန်တိုင်းများ တိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် နှင်းထုများကို ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လေယာဉ်ခရီးစဉ်ပေါင်း (၁၈၀ဝ)ကျော်ကို ဖျက်သိမ်းခဲ့ရကြောင်း သိရပါသည်။ ယခုဖေဖော်ဝါရီလသည် ဘော်စတွန်၏ သမိုင်းမှာ နှင်းအကျဆင်းဆုံးလပဲ ဖြစ်ပါသည်။ ဘော်စတွနနှင့် နယူးယောက်ခ့်မှာ နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လေတိုက်နှုန်းဟာ တစ်နာရီကို မိုင်(၆၀)နှုန်းနှင့် အထက်ရှိပြီး အရှေ့ဘက် ကမ်းရိုးတန်းမှာ ပုံမှန်အပူချိန်အောက် (၁၄) ဒီဂရီ ဆဲလ်စီးယပ်မှ (၁၇)ဒီဂရီ ဆဲလ်ဆီးယပ်စ်ထိ ကျဆင်းနေပါသည်။ ဆီးဘရွတနှင့် နယူးဟမ့်ရှိုင်းယားတို့မှာလဲ ပြင်းထန်သည့် နှင်းကျဆင်းမှုကြောင့် အိမ်ခေါင်မိုးများ ပြိုကျပျက်ဆီးခြင်းများ ဖြစ်ပေါ်ပေမဲ့ တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရပါသည်။ အရေးပေါ်အဖွဲ့များနှင့် နှင်းရှင်းလင်းရေး လုပ်သားများသည် ဂေါ်ပြားများ၊ နှင်းရှင်းလင်းရေး စက်များကို အသုံးပြုပြီး အိမ်ခေါင်မိုးပေါ်ရှိ နှင်းများကို ရှင်းလင်းနေကြပါသည်။ မီချီဂန်ရှိ အဓိကအဝေးပြေး လမ်းမကြီးတစ်ခုမှာလည်း နှင်းကျဆင်းမှုကြောင့် ကားအစီးရေ (၄၀)ကျော်သည် သောင်တင်လျက်ရှိကြောင်း သိရှိရပါသည်။


No comments:

Post a Comment