Monday, February 9, 2015

အားကစားသတင်း (၉-၂-၂၀၁၅)

လေးယောက်ပါဝင် ယှဉ်ပြိုင်ရသည့် Farmers Insurance Open ပြိုင်ပွဲတွင် သြစတြေးလျသား ဂျက်ဆန်ဒေးသည် လက်ရှိချန်ပီယံ အဒမ်စကော့၊ ဂျေဘီဟုမ်းစ်နှင့် ဟာရီးစ်တို့ကို ကျော်လွန်ပြီး အနိုင်ရခဲ့ကြောင်း သိရပါသည်။ ဒီနိုင်ပွဲသည် ဒေးအတွက် US-PGA ပြိုင်ပွဲမှာ တတိယမြောက် အနိုင်ရခဲ့ခြင်းလည်း ဖြစ်ပါသည်။ ဒ့ါအပြင် ဂျက်ဆန်ဒေးသည် ယခင်ကမ္ဘာ့အဆင့်(4) အဒမ်စကော့ကို အဆင့်(5)နေရာသို့ ရောက်စေခဲ့ပြီး ကမ္ဘာ့အဆင့်(4)နေရာသို့ ရောက်ရှိလာခဲ့ကာ သြစတြေးလျရဲ့ နံပါတ်တစ်-ဂေါ့ဖ်ဖာ ဖြစ်လာခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment